

ရွှေတိဂုံ ရောက်တော့ ၂ယောက်ထဲ ပါလာတာလေးတွေ စားရင်း တော်ကီတွေ ပွားကာ ဟိုရိုက်ဒီရိုက်လျှောက်ရိုက်ဖြစ်နေသေးတယ်။ ထူးဆန်းတာတခုက ကော်ဇောနီ ပါ ဟယ်ရာရီကလင်တန် လာတုန်းကတော့ ကောဇောနီ ခင်းထားသလား မခင်းထားသလား သတိမထားခဲ့ပေမယ့် ဒီနေ့တော့ ညနေ ၃နာရီလောက်ထဲက ဘုရားရင်ပြင်တော်မှာ သန့်ရှင်းရေးလုပ်သူများ နှင့် ကော်ဇောခင်းသူများ တော်တော် အလုပ်ရူပ်နေတာ သတိထားမိပါတယ်။

နောက်တော့ တဖွဲဖွဲနဲ့ သတင်းထောက်တွေ သာတိုးလေပေမယ့် ။ ထိုင်းဝန်ကြီးချူပ် ရောက်လာမဲ့ အချိန် မသိရသေးတော့ အားလုံးထိုင်သာ စောင့် ဘ၀ နဲ့ နေ့လည်ကနေ ညနေ ၊ ညနေက နေ ညဦးအထိ ရောက်လာပါတယ် ။ နေ့လည် ၂နာရီခွဲ ထဲက ထိုင်စောင့်ခဲ့ရသမျှ ည ၇နာရီ ထိုးလုထိုးခင်မှာ ထိုင်းဝန်ကြီးချူပ် ရွှေတိဂုံတောင်ဖက်မုတ်က နေ တတ်လာတဲ့အထိ စောင့်ရတဲ့အလုပ်ပြီးမြောက်သွားပြီး ရိုက်ရတဲ့အလုပ် တဆက်ထဲ ဖြစ်လာပါတယ် ။



ဓာတ်ပုံ ကောင်းတပုံရဖို့အတွက် ဒီလိုတွေ ရိုက်ကြရပါတယ် ။
ရွှေတိဂုံဘုရား အရှေ့ဖက် မုတ်လောက် အရောက်မှာ လူတွေရယ်၊ လုံခြုံရေးတွေရေ ပြည့်နေတာနဲ့ ကျနော်လဲ ဆောင်းတန်းတခုကို ပတ်ပြီး သူတို့ အရှေ့ဖက်ရောက်အောင် ပြေးရပါသေးတယ် ။ လူလဲ တော်တော် ဇောနဲ့ ပြေးမိတော့ အရှိန်လဲ တော်တော် များပါတယ် ။ ကံဆိုးတာ တခုကတော့ ကျနော် ဆောင်းတန်းတခုကို အကွေ့ လူတယောက် က ဆောင်းတန်းပေါ်က ဆင်းလာတာကို အရှောင် ရင်ပြင်တော်မှာ ရှိတဲ့ သောက်ရေအိုးစဉ်တခုက ရေဖိတ်ထားတယ်ထင်တယ် အဲ့ ရေအိုင်ကို နင်းပြီး ကျနော် စလစ်ဖြစ်သွားတယ် လူက ဒယိုးဒယိုင် ဖြစ်ထဲက ကျနော်သိလိုက်ပြီ ကျနော် အရှိန်မထိန်းနိုင်တော့ပဲ ချောလဲတော့မယ်ဆိုတာ .. ညာဖက်လက်တဖက်မှာ ကင်မရာ နောက်ဖက်ကျောပိုးအိပ် ညာအစွန်မှာ ထည့်ထားတာက လန့်စ်တချောင်း .. မထူးဇာတ် ခင်းပြီး ကျနော် ဘယ်ဖက် ခြေထောက်ကို ကွေးချလိုက်တယ် ဒူးနဲ့ ကြမ်းပြင်နဲ့ ဒိုင်းကနဲပဲ လူက ၁ပတ်လိမ့်ထွက်သွားတယ် .. တော်တော် သတိရှိရှိထားထားလို့ ကျနော် ညာဖက် ကင်မရာကို ဆွဲမြှောက်လိုက်သည့်တင်အောင် ညာဖက် တံတောင်ဆစ်က ကြမ်းခင်းနဲ့ ညားပြီး အရေခွံပါလန်သွားတယ် .. ဘုရားလုံခြုံရေး ၃ယောက် ဖုန်း၊ဒိုင်း ဆိုတဲ့အသံကြားလို့ ကျနော့်ကို မြင်ပြီး ပြေးလာထူမှ ထနိုင်ပေမယ့် ကျနော် အခြေအနေ ကျနော် ကောင်းကောင်း လမ်းလျှောက်လို့ ချက်ခြင်း မရဖြစ်နေတယ် ။ တော်တော်လေးလဲ အီစလံ ဝေသွားတယ် ။ ကျနော် နဲ့ နည်းတူ အနောက်က နေ ပြေးလိုက်လာတဲ့ ဓာတ်ပုံ ဆရာ ၂ယောက်က ပြေးရင်းလွှားရင်းနဲ့ သတင်းမေးသွားလေရဲ့ .. ကင်မရာ ဘာဖြစ်သွားသေးလဲ တဲ့ .. ဓာတ်ပုံဆရာတွေ မှန်းသိသာပါလေတယ် ။ လူတော့ ဖြစ်ချင်ရာဖြစ် ကင်မရာတော့ အထိမခံနိုင်ဖူး ဆိုတဲ့ စိတ်ဓာတ်ခြင်းတူနေတာကိုး


ခြေထောက်က နာနေတော့ ဖြေးဖြေးခြင်းပဲ အရှေ့ဆုံးက လျှောက်ပြီး ရသလောက်ပဲ လိုက်ရိုက်ဖြစ်တော့တယ် ။ ကံများကောင်းချင်တော့ တောင်ဖက်မုတ် ဓာတ်လှေကား ဆင်းတဲ့ နားကျတော့ ကျနော့်အရှေ့မှာ လက်တွဲထားတဲ့ လုံခြုံရေးစည်းက ၂ခြမ်းခွဲပြီး ၀င်ပေါက်ကို ဖွင့်ပေးတာနဲ့ ကြုံတယ် ။ ကျနော်က ရှေ့ဆုံး ရောက်နေတော့ ကျနော့ တယောက်ထဲ ကွက်ကျန်ခဲ့ပြီး ၀န်ကြီးချူပ် ရှေ့တည့်တည့် ရောက်သွားတယ် ။ အရှေ့ဆုံးကနေ ဓာတ်ပုံ ကောင်းကောင်းရိုက်ခွင့်တွေ ရပေမယ့် လောဘ ကြီးပီး ဗီဒီယို ရိုက်လိုက် ဓာတ်ပုံရိုက်လိုက် အလုပ် ၂ခု တပြိုင်ထဲကို ရတဲ့အချိန်၂မိနစ် အတွင်းမှာ လုပ်ချလိုက်တော့ ၂ခုစလုံး အပိုင်မရလိုက်ဖူးဗျာ ။ အမှန်ဆို ပုံကောင်းကောင်း ထပ်ရမှာ အခုတော့ အောင်မှတ်သာသာ အောက်က ပုံလေးတွေပဲ ရိုက်လို့ ရလိုက်တယ် ။ နောက်ဆို ဒါမျိုးတွေ ဆင်ခြင်ရမယ် ။ လောဘ မကြီးပဲ ရတာကို အကောင်းဆုံးရိုက်ဖို့ ပဲ တွေးရမယ်လို့ ဒီနေ့တော့ သင်ခန်းစာရလိုက်လေရဲ့ ..
No comments:
Post a Comment