Showing posts with label ကမ္ဘာတွင်အမွန်မြတ်ဆုံးဘာသာ. Show all posts
Showing posts with label ကမ္ဘာတွင်အမွန်မြတ်ဆုံးဘာသာ. Show all posts

Friday, 27 January 2012

ကမ္ဘာတွင်အမွန်မြတ်ဆုံးဘာသာ


၂၀၀၉ခုနှစ်၊ဇူလိုင်လ (၁၅)ရက်နေ့တွင် ဂျနီဘာမြို့ဋ္ဌ်
ဘာသာပေါင်းစုံမဟာမိတ်
မြစ်ပေါ်တိုးတက်ရေးအသင်းကြီး (ICRAUS) ကနိုင်ငံတကာမှ ဘာသာရေးဦးဆောင်မူပြုသူများအား
ဖိတ်ကြားရ်ျ မိမိတို့ကိုးကွယ်ရာ ဘာသာ
အကြောင်းဆွေးနွေးစေခဲ့သည်။ထို့နောက်ဆွေးနွေးခဲ့သည့်ကိုးကွယ်ရာဘာသာ
အသီးသီးမှ ကမ္ဘာတွင်အမွန်မြတ်ဆုံးဘာသာကို မဲဆန္ဒပေးရ်ျ ရွေးချယ်ခဲ့ကြသည်။


ထို(ICRAUS)အသင်းကြီးတွင်ဗုဒ္ဓဘာသာအသင်းဝင်အရေအတွက်မှာမဖြစ်စလောက်အနည်းငယ်သာပါဝင်ပါသည်။

သို့သော်စားပွဲဝိုင်းဆွေးနွေးပြီးနောက်
ကမ္ဘာတွင်အမွန်မြတ်ဆုံးကိုးကွယ်ရာဘာသာကို မဲပေးဆုံးဖြတ်ရာ
တွင်မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင်ပင်ဗုဒ္ဓဘာသာက ကမ္ဘာတွင် အမွန်မြတ်ဆုံး
ကိုးကွယ်ရာဘာသာအဖြစ်မဲဆန္ဒပေးခြင်းဖြစ်ပါသည်။
ထို့သို့မဲဆန္ဒပြုရခြင်းနှင့်ပက်သတ်ရ်ျ ဘာသာရေးခေါင်ဆောင်များ၏
ဝေဖန်သုံးသပ်မူမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ထို(ICRAUS) အဖွဲကြီး၏ သုတေသနဌာနညွှန်ကြားရေးမူးဖြစ်သူ ဂျိုနာဟ်သ် (Jonna
Huant ) ကဗုဒ္ဓဘာသာ ဟာကမ္ဘာအမွန်မြတ်ဆုံးကိုးကွယ်ရာဘာသာ ဖြစ်လာတာ
အံ့သြစရာကိစ္စမဟုတ်ပါဘူး
ဘာကြောင့်လည်းဆိုတော့ အခြားခြားသောဘာသာတွေမှာ ဘာသာရေးစစ်ပွဲတွေဖြစ်ခဲ့ပေမဲ့
ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ဘာသာရေးစစ်ပွဲ ဆိုတာ ဘယ်စာပေကျမ်းဂန်မှာမှ
အရိပ်အမြွက်တောင်မတွေခဲ့ရလို့ပါပဲ။

အခြားခြားသောဘာသာတွေမှာ ကိုးကွယ်ရာဘုရားသခင်မှ အမှားတစ်ခုလုပ်ခဲ့ရင်
တိုက်ခိုက်ဖို့လက်နက်ကိုအသင်ပြင်ထားရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ
ဘာသာရေးအတွက်စစ်ရေးမပြင်ပါဘူး။အခြားခြားသောဘာသာဝင်တွေမှာမတွေရတဲ့
ငြိမ်းချမ်းရေးလမ်းစဉ်ကို
ဗုဒ္ဓဘာသာဝင်တွေလိုက်နာကျင့်နေလို့ပါပဲ ဟု ထုတ်ဖော်ပြောခဲ့သည်။

ကတ်သလစ်ဘာသာဘုန်းတော်ကြီးဖြစ်သော ဘဲလ်ဖတ် (Belfast) မှ
ဖာသာတက်အိုရှောင်နက်ဆီ (Father Ted 'o' Shaugh-nessy)က " ကျုပ်က
ကတ်သလစ်ဘုရားကျောင်းကိုချစ်ပါတယ်။
ဒါပေမဲ့ ကျုပ်တို့ကလူသားချင်းသတ်ဖြတ်ရတဲ့အခါ
ဒါဟာဘုရားသခင်ရဲ့အလိုတော်ကျဖြစ်တယ်လို့
ပြောရပြီး ကျမ်းစာထဲ စာထဲမှာပါတဲ့ ချစ်ခြင်းမေတ္တာတရားတွေကိုတော့
မဆုံးနိုင်အောင်ဟောပြောပို့ချနေရတယ်။ဒီအချက်က ကျုပ်စိတ်ထဲမှာ
ဘ၀င်မကျဘူး။ဒါကြောင့် ကျုပ်ရဲ့မဲဆန္ဒကို
ဗုဒ္ဓဘာသာကိုပေးလိုက်ရတယ် " ဟုဖွင့်ပြောခဲ့သည်။

ပါကစ္စတန်နိုင်ငံမှ မူဆလင်ဘာသာရေးခေါင်းဆောင် တယ်ဗင်ဝါဆက် (Tal Bin
သူ၏စကားပြန်မှတဆင့်ပြောရာတွင်
"ကျွန်တော်ကမူဆင်ဘာသာကိုကိုးကွယ်သူပါ။ဒါပေမဲ့မူဆလင်ဘာသာမှာ ပုဂ္ဂိုလ်ရေးထက်
ဘာသာရေးပေါ်မှာအခြေခံပြီး သွေးမြေကျမူတွေ ၊ဒေါသအဃာတများမူတွေဖြစ်ခဲ့တယ် ။
ဗုဒ္ဓဘာသာမှာ ဒါတွေမရှိခဲ့ဘူး"ဟုပြောပြီး ဆက်လက်ရ်ျ သူက " ကျွန်တော်ရဲ့
အကောင်းဆုံးမိတ်ဆွေအချို့ဟာ ဗုဒ္ဓဘာသာဝင်တွေပါ " ဟုဆက်ပြောပါသည် ။

ဂျေရုဆလင်မြို့မှ ဂျူးဘာသာရေးခေါင်းဆောင် ရက်ဘီးရှမြူရယ်
ဝက်ဆာဟိန်းက "ဟုတ်ပါတယ် ကျွန်တော်ဂျူးအယူဝါဒ (Judaism ) ကိုချစ်ပါတယ်
။ဂျူးဝါဒဟာ ကမ္ဘာအကောင်းဆုံးဝါဒလို့ထင်ပါတယ် ။
ဒါပေမယ့်ရိုးသားစွာပြောရမယ်ဆိုရင် ကျွန်တော်ဟာ နေစဉ် ဂျူးဘာသာကိုးကွယ်
ဆုတောင်းမူတွေပြုလုပ်ပြီးတိုင်း ဗုဒ္ဓဘာသာ ၀ိပဿနာတရားကျင့်ကြံမူ လုပ်တာ
၁၉၉၉၃ခုနှစ်ကနေ ယနေအထိပါပဲ "ဟုထုတ်ဖော်ပြောပြပါသည်။
"ကမ္ဘာအမွန်မြတ်ဆုံးကိုးကွယ်ရာဘာသာ"အဖြစ် ဤသို့လျှင် ဗုဒ္ဓဘာသာကို
မဲပေးဆုံးဖြတ်ခဲ့ကြပြီး ဆုချီးမြှင့်မည်ပြုရာ ဗုဒ္ဓဘာသာအသင်းဝင်များက
ဆလက်မခံနိုင်ကြောင်း ပြောဆိုကြသည်။ အကြောင်းကိုမေးမြန်းရာ
ဗုဒ္ဓဘာသာရဟန်းတော်ကြီးဖြစ်သော ဘန္တေဂူရထဟန္တ ( Bhante Ghurata Hanta ) က
"ခုလို အသိအမှတ်ပြုခံရတာကပဲ ကျေးဇူးကြီးလှပါပြီ
။အခုပေးတဲဆုကိုလူသားမျိုးနွယ်ဆက်
အားလုံးကိုပဲခွဲဝေပေးပါ။ကျုပ်တို့ဘာသာဝင်အားလုံး ရဲ့ရင်ထဲမှာ
ဗုဒ္ဓရဲ့စွန်ကြဲခြင်းတရားကိန်းဝပ်နေပါတယ်။
ဒီဆုကိုလက်ခံချင်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ဦးတစ်ယောက်များရှိလို့ရှိငြား
အနှံ့အပြားရှာကြည့်ပါ။
တွေ့ခဲ့ရင်တော့ ခင်ဗျားတို့ကိုပြန်ပြောပါမယ်" ဟုမိန်ကြားတော်မူပါသည်။

အထက်ပါအကြောင်းအရာများသည် ရန်ကုန်မြို့ မဟာစည်ဗုဒ္ဓဘာသာ သာသနာ့ နုဂ္ဂဟအသင်း
ဥက္ကဌထံမှရရှိသော ( ICARUA) အသင်းကြီး၏ အီးမေးလ်များဖြစ်ပါတယ်။

စာရူသူများ ဓမ္မပီတိဖြစ်ရန်ထပ်ဆင့်ဝေမျှလိုက်ပါသည်။
>>>Read more>>> >>