Friday 30 December 2011

အမျိုးသမီး ၃ ဦး နိုဘယ်ဆု ချီးမြှင့်ခံရ


ချိုးလင်းပြာဘာသာပြန်သည်
ပြီးခဲ့တဲ့ စနေနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာ အမျိုးသမီး ၃ ဦးကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့ပါတယ်။ အမျိုးသမီး ၃ ဦးဖြစ်တဲ့ လိုင်ဘေးရီးရား ပြည်တွင်းစစ်အတွင်း မုဒိမ်းမှု အသုံးပြုတာကို ဆန့်ကျင်ဆန္ဒပြဖို့အတွက် အမျိုးသမီးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ လိုင်ဘေးရီးယန်း ငြိမ်းချမ်းရေး တတ်ကြွလှုပ်ရှားသူ Leymah Gbowee၊ ရီမန်နိုင်ငံမှ ဒီမိုကရေစီရေးလှုပ်ရှားသူ Tawakkol Karman နဲ့ အာဖရိကန်နိုင်ငံတွေမှာ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ရွေးကောက်ခံရသူ လိုက်ဘေးရီးယား သမ္မတ Ellen Johnson-Sirleaf တို့ဟာ သူတို့ရဲ့ နိုင်ငံတွေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ စစ်ပွဲတွေ ရပ်တန့်အဆုံးသတ်ဖို့ ကြိုးစားတိုက်ပွဲဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

"ကျမတို့ရဲ့ မျက်ရည်တွေကနေ အောင်နိုင်ခြင်းကို ပြောင်းလဲဖို့၊ ကျမတို့ရဲ့ စိတ်ပျက်အားငယ်မှုတွေကနေ ခိုင်မာတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအသွင်ပြောင်းဖို့နဲ့ ကျမတို့ရဲ့ ကြောက်ရွံ့မှုတွေကနေ ဇွဲသတ္တိတွေဖြစ်လာဖို့အတွက် ကျမတို့တွေ ညီအစ်မတွေအဖြစ် ဆက်ပြီး ညီညွှတ်ကြရမယ်။ ကျမတို့ရဲ့ ကမ္ဘာကြီးမှာ အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှပြီး လွတ်မြောက်တဲ့ အချိန်ကို မရောက်မချင်း နားဖို့ အချိန်မရှိပါဘူး။" လို့ Gbowee က သူမရဲ့ ပြောကြားချက်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

"အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်တွန်းလှန်ဖို့အတွက် အလားတူ ဖိနှိပ်အကြမ်းဖက်မှုနည်းလမ်းကို အသုံးမပြုပဲနဲ့လည်း လုပ်လို့ရတယ်လို့ ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ လူမှုအဖွဲ့အစည်းတခုလုံးဟာလည်း အမျိုးသမီး၊ အမျိုးသား အားလုံး ကြိုးပမ်းမှုတွေရဲ့ အသီးအပွင့်တခုဖြစ်တယ်လို့လည်း ကျမ အမြဲယုံကြည်ပါတယ်။ ဒါကြောင့် ဒီလူ့အဖွဲ့အစည်းတည်ဆောက်တဲ့နေရာမှာ အမျိုးသမီးတွေရဲ့ အခြေခံ အခွင့်အရေးတွေဟာ ပိတ်ပင်ချိုးဖောက်ခံရမယ်၊ တရားမျှတမှု မရှိဘူးဆိုရင် လူမှုရေးလိုအပ်ချက်တွေနဲ့ ယဉ်ကျေးမှုပျက်ယွင်းမှုတွေ ဖြစ်ပေါ်လာပြီး နောက်ဆုံးမှာ လူ့အဖွဲ့အစည်းတခုလုံးမှာရှိတဲ့ အမျိုးသမီးရော အမျိုးသားတွေအားလုံး အဲဒီရဲ့အကျိုးဆက်တွေကို ခံစားကြရမှာဖြစ်တယ်" လို့ Karman ကလည်း ဖြည့်စွက်ပြောခဲ့ပါတယ်။

No comments:

Post a Comment