Tuesday 29 November 2011

ဗုဒ္ဓ သာသနာ နှစ်၂၆၀၀ ပြည့် အထိမ်းအမှတ် ကျင်းပ

သာသနာ နှစ်၂၆၀၀ ပြည့်သည့် အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓ ညီလာခံကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာ ၂၇ ရက် မှ ၃၀ ရက်အထိ ၄ ရက်ကြာ ကျင်းပနေပြီး မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ နီပေါ၊ ဂျပန်၊ ကိုရီးယား စသည့် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကျမ်းတတ်ပုဂ္ဂိုလ် ၉၀၀ ကျော်တို့ တက်ရောက်၍ ဘာသာ၊ သာသနာ ရေး ဆိုင်ရာများ ဆွေးနွေးပြောဆိုကြသည်။ မြန်မာနိုင်ငံမှ ရွှေကျင်သာသနာပိုင် ၀ါဆို ဆရာတော်ကြီး၊ သီတဂူ ဆရာတော် အရှင် ဉာဏိဿရ အပါအ၀င် ဆရာတော် သံဃာတော်များလည်း တက်ရောက်နေကြောင်း သိရသည်။
 

No comments:

Post a Comment