Showing posts with label ကဒါဖီ ၏ လက်ကိုင်တုတ် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဆာနူစီ ကို ဖမ်းဆီးရမိ. Show all posts
Showing posts with label ကဒါဖီ ၏ လက်ကိုင်တုတ် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဆာနူစီ ကို ဖမ်းဆီးရမိ. Show all posts

Wednesday, 23 November 2011

ကဒါဖီ ၏ လက်ကိုင်တုတ် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဆာနူစီ ကို ဖမ်းဆီးရမိ


3683058-3x2-700x467
15
0

i
မဲပေးပါ
Quantcast
DK၊            ၊လစ်ဗျားအာဏာရှင်ဟောင်း ကဒါဖီ၏လက်ကိုင်တုတ်တဦးနှင့် ယောက်ဖဖြစ်သော၊
လစ်ဗျားထောက်လှမ်းရေးအကြီးအကဲဟောင်းဖြစ်သူ အဗ္ဗဒူလာအယ်လ်ဆာနူစီ (Abdullah al
-Sanussi)(၆၂ နှစ်) အား လစ်ဗျားပြည်သူ့စစ်များမှ  နာရီအတန်ကြာ  ဝိုင်းရံပိတ်ဆို့ထားပြီး
နောက်ဖမ်းဆီးရမိပြီး ဖြစ်သည် ဟု လစ်ဗျား ရုပ်သံ သတင်း များ မှ ထုတ်လွှင့် သွား သည်။ သူ့အမအိမ်တွင်ပုန်းအောင်းနေသော ဆာနူစီအား မိမိ၏တပ်ဖွဲ့ဝင်များမှ ထောက်လှမ်းတွေ့
ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတပ်မှူးတဦးမှ ရိုက်တာသတင်းဋ္ဌာန (Reuters) သို့ပြောကြား
ခဲ့သည်။
စစ်ရာဇဝတ်ကောင်တဦးဖြစ်သော ကဒါဖီသေဆုံးသွားပြီးနောက်ပိုင်းနှင့် သားဖြစ်သူအခြား
စစ်ရာဇဝတ်ကောင် ဆာအိဖ်အယ်လ်-အစ္စလာမ် အားဖမ်းဆီးရမိခဲ့အပြီးတွင် လစ်ဗျား၌ဖြစ်ပွား
ခဲ့သော စစ်ရာဇဝတ်မှုများနှင့် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) မှ အလိုရှိနေခဲ့သော
နောက်ဆုံးကျန်ရှိသည့် စစ်ရာဇဝတ်ကောင် တဦးဖြစ်သော ဆာနူစီသည် ထွက်ပြေးပုန်းရှောင်
နေခဲ့သည်။
ကဒါဖီ၏ယောက်ဖဖြစ်သော ဆာနူစီသည် ကဒါဖီမှ ယုံကြည်စိတ်ချမှုအရှိဆုံး လက်ထောက်
များအနက်မှ တဦးဖြစ်ခဲ့သည်။ ၄င်းသည် ရာထူးမျိုးစုံအားဆုပ်ကိုင်ထားပြီး၊ ဆာအိဖ်အစ္စလာမ်
၏ အနီးကပ်အကြံပေးတဦးဖြစ်သည်ဟု ပြင်ပသို့ပေါက်ကြားခဲ့သော အမေရိကန်သံရုံးကြေးနန်း
စာများတွင် ဖေါ်ပြထားခဲ့သည်။
လစ်ဗျားနိုင်ငံတွင် ယခုနှစ်အစောပိုင်း၌ ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်း၊ အာဏာရှင်မွမ်းမားကဒါဖီ
အားဆန့်ကျင်သည့် ဆန္ဒပြပွဲများ၌ အကြမ်းဖက်လူသတ်နှိမ်နင်းမှုများတွင် ဦးဆောင်ပါဝင်ခဲ့ခြင်းကြောင့်
ဆာနူစီအား နိုင်ငံတကာရာဇဝတ်တရားရုံးမှ ဖမ်း ဝရမ်းထုတ်ပြန်ခဲ့သည်။ အဆင့်အတန်းနိမ့်ကျလှပြီး
လူများအားထားရှိရန် မသင့်လျော်ပဲ ညစ်ညမ်း၍လူမဆန်လှသည့် အကျဉ်းထောင်တွင်း မိမိနိုင်ငံ
သားများအား ယုတ်မာပက်စက်စွာ ဖိနှိပ်သော မြန်မာနိုင်ငံကဲ့သို့ပင်၊ (၁၉၉၆) ခုနှစ်တွင်
လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ အကျဉ်းထောင်တွင်း ဆိုးရွားလှသော အခြေအနေများအား ဆန့်ကျင်
ဆန္ဒပြခဲ့ကြသော လစ်ဗျားနိုင်ငံသား အကျဉ်းသားပေါင်း (၁၂၀၀) ခန့်အား အစုလိုက်အပြုံလိုက် မတရား
သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ပတ်သက်မှုအပါအဝင်၊ လူ့အခွင့်အရေးချိုးဖောက်မှုများစွာအား
ကျူးလွန်ခဲ့သည်ဟု ဆာနူစီအား စွပ်စွဲထားကြသည်။
လစ်ဗျားနိုင်ငံတောင်ပိုင်း ကန္တာရအတွင်း၌ လစ်ဗျားပြည်သူ့စစ်များ၏ ဖမ်းဆီးခံခဲ့ရပြီး၊
အနောက်ပိုင်းမြို့တမြို့ဖြစ်သော ဇင်တန်မြို့ (Zintan) သို့ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရသူ
ဆာအိဖ်အစ္စလာမ်ကို ဇင်တန်မြို့တွင်းရှိ လျှို့ဝှက်နေရာတခု၌ လစ်ဗျားပြည်သူ့စစ်များမှ
စစ်ကြောမည်ဟုယူဆရသည်။ လစ်ဗျားကြားဖြတ်အစိုးရမှ ဆာအိဖ်အား လစ်ဗျားနိုင်ငံ
တွင်း၌ပင် တရားစွဲဆို၍ စီရင်လိုသော သဘောထားအရိပ်အယောင်များ ထုတ်ဖေါ်ပြ
သထားခဲ့သည်။ ကဒါဖီ၏သားဖြစ်သူ ဆာအိဖ်အစ္စလာမ်အား လစ်ဗျားအစိုးရ၏တရား
လိုရှေ့နေများမှ စစ်ကြောမေးမြန်းကြမည်ဖြစ်သည်။
>>>Read more>>> >>